ဒီ software ဟာ မြန်မာနိုင်ငံမှာ သုံးလို့ အဆင်ပြေနေပါတယ်။ Bypass Proxy/Firewall software တွေ အမျိုးမျိုးရှိပါတယ်။ ဒါပေမယ့် မြန်မာတယ်လီပို့ (ယခင် ပုဂံဆိုက်ဘာတက်) ဟာ သဘောထား အလွန်ကြီးတဲ့ ISP တစ်ခု ဖြစ်တဲ့အတွက် မြန်မာပြည်သူတွေကို အခက်အခဲအမျိုးမျိုးကြားက အင်တာနက်ရသကို အပြည့်အ၀ပေးချင်နေပါတယ်။ ဒါကြောင့်လဲ Your Freedom ဟာ ယခုအချိန်အထိ မြန်မာပြည်သူတွေ အသုံးပြုခွင့် ရနေဆဲ ဖြစ်ပါတယ်။ သတိပြုရမှာက Your Freedom ကို မြန်မာတယ်လီပို့က ပိတ်ချင်ရင် ပိတ်လို့ရပါတယ်။ မပိတ်သေးတာပါ။ ကျေးဇူးပြုပြီး ကျေးဇူးတင်ပေးပါ။
Your Freedom ကို သုံးချင်ရင် ဒီလိုလုပ်ဗျာ။
(၁) စာဖတ်သူရဲ့ ကွန်ပျူတာမှာ JRE or J2RE မသွင်းရသေးရင် ဒီ ကိုသွားပြီး Java Runtime Environment ရဲ့ latest version ကို download ပြီးတော့ install လုပ်ပါ။ သွင်းပြီးသားဆိုရင် ဒီအဆင့်မလိုပါ။ JRE ကို ဒီကယူပါ။
(၂) www.your-freedom.net ကို ၀င်ပါ။ အဲ့ဒီ့ website ကို banned ထားတဲ့ အတွက် သင်သုံးနေကျ CGI proxy တစ်ခုခုနဲ့ဝင်ပါ။
(၃) ပြီးရင် သူတို့ website ရဲ့ download page ကိုဝင်ပါ။ အပေါ်ဆုံးက download link နဲ့ download လုပ်ပါ။ ပြီးရင် အဲဒီ့ File နဲ့ Your Freedom ကို install လုပ်ပါ။ ပြီးရင် Your Freedom ကို run ပါ။ download ရတာ ခက်ခဲနေရင် ကျွန်တော် ရေးထားတဲ့ Post တစ်ခု ရှိပါတယ်။
(၄) ပထမဦးဆုံး အကြိမ် Your Freedom ကို run ရင် Wizard box တစ်ခု ပေါ်လာပါမယ်။ အဲဒီ့ box ကို ပိတ်လိုက်ပါ။ (မပိတ်ဘဲ Wizard နဲ့ သွားလဲရတယ်။ သူတို့ Server ရှာတာ အချိန်ကြာမှာဆိုးလို့ ပိတ်ခိုင်းလိုက်တာ)
(၅) Click Configure.
(၆) Server Connection tab ရဲ့ address မှာ
(၇) Account Information tab မှာ ခုနက register လုပ်ခဲ့တဲ့ username and password ရိုက်ပါ။
(၈) Proxy Settings tab မှာ ပုဂံနက်ရဲ့ Proxy address and port ကို ရိုက်ပါ။ ပြီးရင် Save and Exit ကို click ပါ။
(၉) Ports tab ကိုရွေးပါ။ Socks 4/5 နဲ့ Web Proxy ကို ရွေးထားပါ။
(၁၀) Start connection ကို click ပါ။ နှိပ်လိုက်တာနဲ့ ကြက်သွေးရောင် တံခါးပုံလေးပွင့်သွားပြီးတော့ အလယ်မှာ Question Mark (?) ပုံလေးတွေ့ရပါလိမ့်မယ်။ အဲ့ဒီ့ Question Mark လေး ခဏကြာရင် ပျောက်သွားရပါမယ်။ မပျောက်ရင် တော့ တစ်ခုခု မှားနေပြီ။ တံခါးပုံလေးလဲပွင့်ပြီ ? လဲ ပျောက်ပြီဆိုရင်တော့ Your Freedom ကို သုံးနိုင်ပါပြီ။ သုံးပုံသုံးနည်းကို တော့ ကျွန်တော် ဒီ blog မှာ မရေးတော့ဘူး။ www.your-freedom.net ရဲ့ FAQ/DOCU မှာ ၀င်ကြည့်လိုက်ပါ။ (banned ထားတဲ့ အတွက် CGI proxy တစ်ခုခုနဲ့ဝင်ပါ)
(၁၁) မသိရင် ကျွန်တော့ကို အီးမေးလ်နဲ့ မေးပါ။ =)

0 comments:
Post a Comment