Saturday, October 04, 2008
co.cc သို့ပြောင်းခြင်း
Wednesday, December 12, 2007
ကျွန်တော် အိမ်အပြီးပြောင်းလိုက်ပြီ။
ကျွန်တော့ရဲ့ ယခုလက်ရှိ http://bloggerlay.blogspot.com/ ကို ယခု အချိန်မှ စ၍ ဆက်ရေးတော့မည် မဟုတ်ကြောင်း ကျွန်တော့ ဘလော့၏ စာဖတ် ပရိသတ်များအား အသိပေးအပ်ပါသည်။ မြန်မာပြည်မှ blogspot, blogger တို့ကို ပိတ်ထားသောကြောင့် blogspot မှ မပြောင်းချင်လှသော်လည်း ပြောင်းလိုက်ရခြင်း ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Bago, Yangon host HIV education fairs
Bago, Yangon host HIV education fairs - Phyu Lin Wai
The Myanmar Medical Association (MMA) will hold HIV/AIDS education fairs in Bago and Yangon next month to teach young people about the disease in interesting ways, said Dr Ne Win, the secretary of the association's General Practitioners' Society.
He said the fairs, which will be organised in collaboration with the United Nations Population Fund (UNFPA), will be held at Bago Stadium on December 8 and 9 and at the association's headquarters on Theinbyu Road in Yangon on December 15 and 16.
He said the Bago event will use slideshows, reading corners and exhibits to provide information about HIV/AIDS prevention and control activities run by the MMA and UNFPA.
He said exhibitions will also be put up by the National AIDS Program under the Department of Health and some non-government organisations like Marie Stopes International.
Dr Ne Win said the association will open counselling rooms where young people can have confidential discussions with doctors about the disease.
"We will also organise a three-level contest where young people can test their knowledge about HIV/AIDS by answering questions. Those who get 80 percent of the questions correct will advance to the next level where the questions become harder," he said.
The Bago fair will also include a donation corner, games and food stalls, he said, adding that all money raised will be donated to people in need.
He said the Yangon fair planned for the following weekend will have a slightly different schedule of events.
"We are still planning the schedules," he said.
Dr Ne Win said young people in rural areas have now been educated about behaviours that put them at risk of contracting HIV/AIDS because many organisations were conducting health education programs.
"But it takes time for them to actually change their behaviour to put this knowledge into practice," he said.
http://www.mmtimes.com/no395/n013.htm
Sunday, December 09, 2007
Mailwasher
အဲ့ဒီ့ အီးမေးလ်အကြီးကြီးဟာ အရေးမကြီးတဲ့ အီးမေးလ်ဆိုရင် အဲ့ဒီ့ အီးမေးလ်ကို ဒေါင်းလုပ် အပြီး အထိမလုပ်တော့ဘဲ ပုဂံရဲ့ မေးလ်ဆာဗာမှာတင် ဖျက်ပစ်လိုက်လို့ရပါတယ်။
အဲ့ဒီလို ဖျက်ချင်ရင် Mailwasher ဆိုတဲ့ ဆော့ဝဲလ်လေးနဲ့ အဆင်ပြေနိုင်ပါတယ်။
တကယ်တော့ Mailwasher ဆိုတာ Antispam အတွက် ရည်ရွယ်ပြီးထုတ်ထားတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်မလိုချင်တဲ့ အီးမေးကြီးတွေကို ဖျက်ဖို့ သုံးပါတယ်။ Mailwasher ကို download ချင်ရင်တော့ ဒီကနေသွားပါခင်ဗျာ။
http://www.mailwasher.net/download/?q=download
Saturday, November 24, 2007
Google Talk Multiple
Google Talk ကို ပုံမှန်ဆိုရင် account နှစ်ခု တစ်ပြိုင်နက် ၀င်လို့မရပါဘူး။ account နောက်တစ်ခု ပြောင်းသုံးချင်ရင် အရင်ဝင်ထားတဲ့ account ကို sign out လုပ်ပြီးမှ နောက် account တစ်ခု ၀င်လို့ရပါတယ်။
Google Talk ကို account တစ်ခုထက်ပိုပြီး တစ်ပြိုင်နက် ၀င်ချင်ရင် ဒီလိုလုပ်ရင်ရပါတယ်။
- Start > All Programs > Google Talk > Right click Google Talk > Properties
- Shortcut tab ကို ၀င်ပါ။
- Target မှာ "C:\Program Files\Google\Google Talk\googletalk.exe" /nomutex လို့ ထည့်ပါ။
- General tab ကို ၀င်ပါ။
- Google Talk ဆိုတဲ့ နေရာမှာ Google Talk Multiple လို့ ပြောင်းပါ။
ဒီလိုလုပ် ပြီးပြီဆိုရင်တော့ account နှစ်ခု တစ်ပြိုင်နက် ၀င်လို့ရသွားပါပြီ။
Monday, November 19, 2007
FoxyProxy
Your Freedom အကြောင်းနဲ့ Ultrasurf အကြောင်းကို ကျွန်တော် ရေးခဲ့ဖူးပါတယ်။ သူတို့ကို အသုံးပြုတဲ့အခါ Proxy နံပါတ်တွေကို သွားသွားရိုက်နေ ရတာကို သတိထားမိကြပါလိမ့်မယ်။ Your Freedom သုံးချင်ရင် localhost:8080 ပြောင်းရလိုက် Ultrasurf သုံးချင်ရင် 9666 ပြောင်းရလိုက် ပုဂံပြန်သုံးချင်ရင် 203.81.71.111:9090 ပြန်ပြောင်းရလိုက်နဲ့ တော်တော်လေး အလုပ်ရှုပ်ပါတယ်။
အဲဒီ့လို အလုပ်မရှုပ်အောင် Firefox မှာ Extension လေးတစ်ခုရှိပါတယ်။ သူကတော့ FoxyProxy ပါ။
FoxyProxy သုံးချင်ရင် ဒီလိုလုပ်ပါခင်ဗျာ။
- ဒီကနေပြီး FoxyProxy ကို ရယူပြီးသွင်းပေးပါ။
- Restart လုပ်ပါ။
- Firefox ရဲ့ ညာဘက်အောက်ထောင့်မှာ FoxyProxy ဆိုတဲ့ စာလေးကို right click ပါ။ options ကို ရွေးပါ။
- Add New Proxy ကို နှိပ်ပါ။
- Proxy Name မှာ YF လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
- Proxy Details tab ကို ၀င်ပါ။
- Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 8080 လို့ ရိုက်ပြီး OK ကို ရိုက်ပေးပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
- Add New Proxy ကို နှိပ်ပါ။
- Proxy Name မှာ US လို့ရိုက်ပါ။ (ကြိုက်တဲ့ နာမည်ရိုက်လို့ရပါတယ်။)
- Proxy Details tab ကို ၀င်ပါ။
- Manual Proxy Configuration ကိုရွေးပါ။ Host Name မှာ 127.0.0.1 နဲ့ Port မှာ 9666 လို့ ရိုက်ပြီး OK ကို နှိပ်ပါ။ "You didn't enter...." ဘာညာဘာညာပေါ်လာရင် Yes ကိုနှိပ်ပေးပါ။
- OK နှိပ်ပြီးပိတ်လိုက်ပါ။
ဒါဆိုရင်တော့ သုံးလို့ရသွားပါပြီ။ Your Freedom သုံးချင်လာတဲ့အခါ FoxyProxy ကို Right click နှိပ်။ YF ကိုရွေးလိုက်ရုံပါပဲ။ Ultrasurf သုံးချင်လာရင် US ကို ရွေးလိုက်ရုံပါပဲ။ ပုဂံပဲ ပြန်သုံးမယ်ဆိုရင် Completely disable FoxyProxy ကို ရွေးလိုက်ရုံပါပဲ။
Sunday, November 11, 2007
Ultrasurf ဖြင့် အင်တာနက် အသုံးပြုခြင်း
ဒီ ဆော့ဝဲလေးကို ကျွန်တော်သုံးဖူးတာ ကြာပါပြီ။ သူ့ကို သုံးရတာ Your
Freedom ထက်ပိုပြီးတော့ လွယ်ကူပါတယ်။ ဒါ့အပြင် သူ့ရဲ့ file size ကလဲ
သေးပါတယ်။ Your Freedom ဆိုရင် Java ပါပါတဲ့ installer ရဲ့ ဆိုဒ်က
တော်တော်ကြီးပါတယ်။ Ultrasurf က Your Freedom လောက်မလေးပဲ
ပေါ့ပေါ့ပါးပါးရှိပါတယ်။ Memory လဲ သိပ်မစားပါဘူး။
ဒါပေမယ့် ကျွန်တော် Your Freedom ကို မစွန့်လွှတ်နိုင်သေးပါဘူး။
ဘာလို့လဲဆိုတော့ https နဲ့ ၀င်ရတဲ့ ၀က်ဆိုဒ်တွေအတွက် တခါတရံ (အမြဲမဟုတ်)
အဆင် မပြေတတ်လို့ပါ။ သူ့ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်တုန်းက ကျွန်တော်
စသုံးခဲ့ဖူးပါတယ်။ ဘယ်လိုမှဝင်လို့မရတဲ့ အခါမျိုးတွေ
မကြာမကြာကြုံခဲ့ရတဲ့အတွက် Your Freedom ပဲ ပြန်သုံးဖြစ်ခဲ့ပါတယ်။
အခုနောက်ပိုင်း ပြန်သုံးကြည့်မိတော့ အဆင်ပြေပြေ connect
လုပ်လို့ရနေပြန်ပါတယ်။ Your Freedom လောက်တော့ ၀က်ဆိုဒ်တွေအားလုံးကို
အဆင်ပြေပြေ၀င်လို့ မရပါဘူး။
ဒါတွေပြောနေလို့ စာဖတ်သူ့ကို မသုံးသင့်ဘူးလို့ မဆိုလိုပါဘူး။
ပေါ့ပေါ့ပါးပါး၊ လွယ်လွယ်ကူကူ သုံးလို့ရတဲ့ အပြင် Your Freedom ထက် speed
ပိုမြန်တဲ့ ဒီ software လေးကို မသုံးဖူးသေးရင် စမ်းသုံးကြည့်သင့်လှပါတယ်။
သူ့ကို သုံးချင်ရင်တော့ ဒီလိုလုပ်ပါဗျာ။
http://www.ultrareach.com/company/download.htm ကိုသွားပြီး ဒေါင်းလုဒ်လုပ်ပါ။
ရလာတဲ့ zip file ထဲက ဖိုင်လေးကို harddisk တစ်နေရာရာမှာ ကူးပါ။
သူ့ကို run ပါ။
Manual Setting ကို ရွေးပါ။ Proxy Host မှာ 203.81.71.111 နဲ့ Proxy Port
မှာ 9090 ရိုက်ပါ။ (စာဖတ်သူ့ ISP ရဲ့ Proxy address ကိုရိုက်တာပါ။)
Connect ဖြစ်သွားရင် status မှာ ပြပေးပါလိမ့်မယ်။
IE လေးပွင့်လာရင် သုံးလို့ရပါပြီ။ (ကျွန်တော်သုံးကြည့်မိသလောက်တော့ IE7
မှာ ကိုယ်ဘာသာ 127.0.0.1 နဲ့ 9666 ဆိုပြီး ကိုယ်ဘာသာ ပြန်ပြင်ပေးရပါတယ်)
Firefox မှာ သုံးချင်ရင် Your Freedom သုံးရင် ပြင်ပေးရသလိုမျိုး
ပြင်ပေးရပါတယ်။ သူ့ရဲ့ address ကတော့ 127.0.0.1 နဲ့ Port 9666 ပါ။
Wednesday, November 07, 2007
အိမ်ပြောင်းတော့ရင် ကောင်းမလား။
blogspot အဘန်းခံလိုက်ရတဲ့ အတွက် wordpress ကို ပြောင်းသုံးဖို့ ကြိုးစား
နေကြလေရဲ့။ wordpress မှာက မြန်မာ ဘလော့ လုပ်ဖို့ သိပ်မလွယ်လှဘူးဗျ။
blogger လောက် မလွယ်ဘူးလို့ ပြောရမှာပေါ့။ ဒါပေမယ့်လေ... မြန်မာ
ဘလော့ဂါတွေပဲဗျာ။ ရအောင်ကြိုးစားနေကြတဲ့ သူတွေရှိနေတော့
တဖြည်းဖြည်းနဲ့တော့ အဆင်ပြေလာပါပြီ။ ကျွန်တော်လဲ wordpress ကို
အိမ်ပြောင်းဖို့ ကြိုးစားနေတဲ့ သူတွေထဲမှာ တစ်ယောက်အပါအ၀င်ပေါ့ဗျာ။
မြန်မာ wordpress ဘလော့တစ်ခု လုပ်နည်းကို မောင်သင်္ကြန် (
http://smsy.wordpress.com ) က ebook လေးတစ်ခုရေးပြီး ဖြန့်ဝေထားပါတယ်။
ရေးထားတာတော်တော်လေးကောင်းပါတယ်။ သူ့လိုပဲ wordpress အကြောင်းကို
မျှဝေနေတဲ့ မြန်မာဘလော့ဂါတွေကိုလဲ ကျေးဇူးတင်ပါတယ်။
ကျွန်တော့ အိမ်ပြောင်းတော့မယ့် ဘလော့ကတော့
http://bloggerlay.iblogger.org/ ဖြစ်ကြောင်းပါ။ ဒါပေမယ့် သေသေချာချာတော့
မပြင်ဆင်ရသေးဘူး။ ကျွန်တော့ရဲ့ blogspot အိမ်အဟောင်းကို လာလည်နေကြတဲ့
မိတ်ဆွေတွေ အတွက် ကသိကအောင့် ဖြစ်မှာလည်းဆိုးမိပါတယ်။ လောလောဆယ်တော့
ကျွန်တော့ ဘလော့အသစ်ဟာ အစမ်းသပ် အဆင့်သာရှိသေးကြောင်း အသိပေးလိုပါတယ်။
ကျွန်တော်ကလည်း theme တွေကို ကိုယ့်အားကိုယ်ကိုးပြီး ပြင်ရမှာ အင်မတန်
အပျင်းထူတဲ့သူဗျ။ သူများတွေ အလကားပေးထားတဲ့ theme တွေကိုပဲ ယူသုံးတယ်။
အိမ်တကယ် ပြောင်းဖြစ်ရင်တော့ နဲနဲ အပင်ပန်းခံပြီးပြောင်းရဦးမယ်။
